Banner
admin Uncategorized


ကျွန်တော် ယခင်တစ်ခါရှင်းပြခဲ့တဲ့ How To ထဲမှာ Wordpress တစ်ခါမှမလုပ်ဖူးသူများနဲ့ Blogspot သမားများအတွက် အဓိကရည်ရွယ်ပြီး ရေး သားခဲ့ခြင်းဖြစ်ပါတယ်။ Wordpress သမားအများစုအနေဖြင့် သိပြီးသားဖြစ်နိုင်သော wordpress to wordpress ပြောင်းရွှေ့တဲ့အကြောင်းကို ကျွန်တော်ထည့်ပြီး မရေးခဲ့ပါဘူး..။ အခုတော့ MMGenius ကို အသုံးပြုလိုသူများ အဆင်ပြေစေရန် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

လွယ်ပါတယ်…။ ဘာမှ ခက်ခဲရှုပ်ထွေးခြင်းမရှိပါဘူး…။ မိမိလက်ရှိ ဘလော့ (wordpress) အဟောင်းထဲမှာ အောက်ဖော်ပြပါ အဆင့်အတိုင်းသွား ပြီး မိမိရဲ့ Blog ကို Export လုပ်လိုက်ပါ။

1. Dashboard> Tools> Export

ပြီးရင် MMGenius သို့ မိမိ အသစ်လုပ်ထားတဲ့ wordpress အကောင့်ထဲသို့ဝင်ပြီး အထက်မှာဖော်ပြခဲ့တဲ့အတိုင်းပဲ

2. Dashboard> Tools> Import

လုပ်လိုက်ပါ..။ ဒါဆို Import လုပ်တဲ့အဆင့်အားလုံးပြီးသွားပါပြီ Post များ Comment များ အကုန်ပါလာပါလိ့မ်မယ်။ (မှတ်ချက်။  ပို့စ်အရေအ တွက် နှင့် ကော်မန့်အရမ်းများသူများကတော့ အနဲငယ် ကျန်ခဲ့ခြင်းများရှိနိုင်ပါတယ်။ Post များလုံးဝကျန်ခဲ့ခြင်းမရှိသော်လည်း ရှည်တဲ့ပို့စ်များမှာ တစ်ဝက်တစ်ပြတ် ပျက်ပြီးကျန်ခဲ့တာမျိုးရှိပါတယ်)

ဒါဆိုအားလုံး အဆင်ပြေသွားမယ်လို့ မျှော်လင့်ပါတယ်..။ သိခြင်တာများ မရှင်းတာများရှိရင် ထပ်မံမေးမြန်းနိုင်ပါတယ်…။ ဒီ Site ရဲ့ Cbox မှာ ဖြစ်စေ admin@myanmargenius.com ကို ဆက်သွယ်၍ဖြစ်စေ၊ www.myanmargenius.com တွင် မန်ဘာဝင်ရောက်၍ ဖြစ်စေ အချိန် မရွေး မေးမြန်းဆွေးနွေးနိုင်ကြောင်းပါ။

Administrator

Myanmar Genius Member

www.myanmargenius.com

Banner

3 Responses to “Wordpress To MMGenius”

    mmwp
    March 10th, 2009 at 11:22 am

    mmgenius.com ရဲ့ ၀န်ဆောင်မှုကို ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါတယ် ခင်ဗျာ။ အခုလို blog ရေးဖို့ ကျော်ရခွရ၊ co.cc က ဒုက္ခပေး၊ free hosting တွေက ဒုက္ခပေးနေတဲ့ အချိန်မှာ မြန်မာဘလော့ဂ်လောက အတွက် အားကိုးစရာ တစ်ခုပါပဲ။ ကျွန်တော့်အနေနဲ့ အကြံပေးချင်တာ အချို့က Site ရဲ့ front page မှာ blog style အစား register လုပ်ပြီးအသုံးပြုချင်သူတွေ အတွက် သင့်လျှော်မယ့် ပုံစံမျိုး ထားပေးရင် ပိုအဆင်ပြေမယ် ထင်တယ်။ service ပေးမယ့် ၀န်ဆောင်မှု စိတ်ချရမှု ရည်မှန်းချက် စတာတွေကိုပါ သေသေချာချာ ဖော်ပြပေးရင် ယုံကြည်မှု ပိုမိုတိုးပွားလာနိုင်ပါတယ်။ blog ဖက်အပိုင်းမှာ WordPress အသုံးပြုပုံတွေကို အခြေခံက စပြီး ပို့စ် တင်ပေးသွားရင် အသုံးပြုသူတွေ လွယ်လွယ်ကူကူ လေ့လာလို့ရနိုင်ပါတယ်။ mmgenius.com တည်တံ့အောင်မြင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

    zox
    April 2nd, 2009 at 2:01 am

    ကျွန်တော်တို့တတွေလည်း အတော့်ကို ၀မ်းသာမိပါတယ်။ အဖက်ဖက်က နှိပ်ကွပ်နေတဲ့ အချိန်မှာ ကိုယ့်မြန်မာအချင်းချင်း ဒီလိုဝန်ဆောက်မှုပေးတာကို ဂုဏ်ယူမဆုံးဖြစ်မိပါတယ်ခင်ဗျာ။ ကျွန်တော်လည်း အစ်ကိုတို့ဆီကနေ ၂ ခုလောက်ယူထားပါတယ်။ blogspot ကို မြန်မာပြည်က band သလိုမျိုးမဖြစ်အောင် အစ်ကိုတို့ဘက်က စိစစ်ပေးမယ်ဆိုရင် ပိုကောင်းမယ်လို့ထင်ပါတယ်။ မြန်မာဝါ့ဒ်ပရက်စ်လောက အေးချမ်းစေဖို့ပါခင်ဗျာ။ mmgenius.com အဓွန့်ရှည်ပါစေ။

    admin
    April 3rd, 2009 at 8:55 am

    အခုလိုအားပေးတဲ့ အတွက် ၀မ်းသာပါတယ်ဗျာ..။ ကျွန်တော်တို့လဲ မလိုလားအပ်တဲ့ မဖြစ်သင့်တဲ့ ကိစ္စမျိုးတွေ မဖြစ်ရအောင်တော့ ထိမ်းထိမ်းသိမ်းသိမ်းလုပ်ဖို့ စဉ်းစားထားပါတယ်…။ ဒါမှလဲ အများအတွက် ပိုအဆင်ပြေမယ်လေ..။ သို့မဟုတ်ရင် တစ်ယောက် နှစ်ယောက်ကြောင့် လူအများအ တွက် အဆင်မပြေဖြစ်သွားနိုင်တယ်လေ…။

Leave a Reply

Subscribe

About

MMGenius Blog Service is the largest and the best blog service in Myanmar. Our service is established in 2008 with the association of Myanmar Genius Members. © MMGenius

Search

Sponsors

Video

ADS